ဆဒုံးမြို့တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေး

ဆဒုံး အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ယနေ့နံနက် ၁၀ နာရီချိန် က မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ အသက် ၉ နှစ်မှ ၁၀ နှစ်ရှိ အမျိုးသမီး ကလေးငယ်များအား ကျန်းမာရေး ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ ကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကလေးငယ်များနှင့် မိဘများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်း (mask) တပ်ခြင်း၊ တန်းစီစနစ် အလှည့်ကျ ဝင်ရောက်စေပြီး မိန်းကလေးငယ် (၂၇) ဦး တို့အား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ ကြောင်း သိရှိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)