လိုင်လင်းပီ အောက်တိုဘာ ၂၂
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀.၅၅၀)ဖြင့် မြို့တွင်းလမ်းမီး အလုံး(၁၀၀) တပ်ဆင်နိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လျှပ်စစ်မှူး ရုံးတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းသတ်မှတ် တိုင်းတာခဲ့ကြသည်။
"ကျွန်တော်တို့အခု ကွင်းဆင်းသတ်မှတ်တာကတော့ မြို့တွင်းအဓိကလမ်းမကြီး နေရာတွေကို ဦးစားပေးအနေနှင့် တပ်ဆင်ပေးမှာဖြစ်ပြီး ကျန်ရှိတဲ့မီးလုံးတွေကိုတော့ လမ်းမီးမရရှိသေးတဲ့ နေရာတွေကို ရွေးချယ်သတ်မှတ်ပြီး တပ်ဆင် ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးကျော်သန်းမှ ပြောကြားသည်။
လိုင်လင်းပီမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်းမီး အလုံးရေ စုစုပေါင်း(၅၀)ကို တပ်ဆင်နိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုဘဏ္ဍာရေးနှစ် တွင် တပ်ဆင်မည့် လမ်းမီးများ တပ်ဆင်ပြီးပါက လမ်းမီးရရှိမှုအနေ တစ်မြို့လုံး လွှမ်းခြုံနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ယာကမ်(ပြန်/ဆက်)