ကျီခါး အောက်တိုဘာ ၂၂
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီး ငယ်များအား Human Papilloma virus ( HPV ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျီခါးလူငယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျီခါးမြို့ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၂)ခုရှိ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ် စုစုပေါင်း (၂၁)ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါ(HPV)ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အဆိုပါ ကာကွယ်ဆေးနှင့် ပတ်သက်၍ အမေးအဖြေများ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)