ချီဖွေမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အ​လှူငွေများ လာရောက်လှူဒါန်း

ချီဖွေ အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ချီဖွေငယ်ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံ (SPIC)မှ ရစ်ကျော်ကျေးရွာအုပ်စု ချီဖွေချောင်း လူကူးကြိုးတံတား ပြုပြင်နိုင်ရေး၊ ချီဖွေမြို့နယ် ပညာရည်ချွန် ဆုပေးအပ်ချီးမြှင့်နိုင်ရေး၊  လုပိကျေးရွာအုပ်စု ကျေးလက် ဆေးပေးခန်းနှင့် ပန်ဝါတိုက်နယ်ဆေးရုံ ပြုပြင်မွမ်းမံ နိုင်ရေးနှင့် ချီဖွေမြို့နယ်ဆေးရုံကြီးတွင် ဆေးရုံသုံးပစ္စည်းများနှင့် ဆေးများဝယ်ယူ အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းခြင်းကို အောက်တိုဘာလ(၂၀)ရက် ညနေ(၃)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (SPIC)မှ ကိုယ်စားလှယ် ဒေါ်နုနုရီက ရစ်ကျော်ကျေးရွာအုပ်စု ချီဖွေချောင်း လူကူးကြိုးတံတား ပြုပြင်နိုင်ရေး အလှူငွေကျပ်သိန်း(၃၀)၊ ချီဖွေမြို့နယ် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် ငွေကျပ်သိန်း (၅၀)ကိုလည်းကောင်း၊  လုပိကျေးရွာအုပ်စု ကျေးလက်ဆေးပေးခန်းနှင့် ပန်ဝါတိုက်နယ် ဆေးရုံ ပြုပြင်မွမ်းမံနိုင် ရေးအတွက် ငွေကျပ်(၃၅)သိန်းနှင့် ချီဖွေမြို့နယ် ဆေးရုံကြီးတွင် ဆေးရုံသုံးပစ္စည်းများနှင့် ဆေးများဝယ်ယူ အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း(၅၀) စုစုပေါင်း အလှူငွေ(၁၆၅)သိန်း သီးသီးပေးအပ် လှူဒါန်းခဲ့သည်။

အဆိုပါ လာရောက်လှူဒါန်းခဲ့သော အလှူငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက လက်ခံရယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီး၏ လက်ဝယ်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှ သိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)