ဟားခါး အောက်တိုဘာ ၂၂
ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိနိုင်ရေး လေ့လာနိုင်ရန်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပြသပေးထားကြောင်း သိရသည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ပေးပို့လာသည့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့်အသိပညာပေးရုပ်ပုံများတွင် ပြည်သူများ သိရှိသင့်သည့် သတင်းအချက်အလက်ဝန်ပိခြင်းဆိုသည်မှာ၊ သတင်းအချက်အလက်ဝန်ပိခြင်းနှင့် သတင်းအချက်အလက် ရယူနိုင်မှု၊ ကိုဗစ်−၁၉ ကာလအတွင်း သတင်းအချက် အလက်ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ မိမိသည် သတင်းအချက်အလက် ဝန်ပိနေပြီဖြစ်ကြောင်းမည်သို့ သိနိုင်သနည်း၊ သတင်းအချက်အလက် ဝန်ပိမှုက သင့်ကိုမည်သို့ထိခိုက်သနည်း စသည့် အသိပညာပေးများ ပါဝင်ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်များတွင် အများပြည်သူ သိရှိသင့်သည့် ကိုဗစ်−၁၉ ဆိုင်ရာအသိပညာပေးများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးပိုစတာများကို ပြသပေးထားပြီး အများပြည်သူ အသိပညာဗဟုသုတ ရရှိရေး လေ့လာနိုင်ရန် အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)