ပလက်ဝမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များရောက်ရှိ

ပလက်ဝ အောက်တိုဘာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ချင်းပြည်နယ်၊ မတူပီမြို့နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တို့မှ တစ်ဆင့် တပ်မတော်ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မိုးဝင်း ထံမှသိရသည်။

ပလက်ဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း(၁၇၉)ရုံ ဖြင့်ကျင်းပရန် လျာထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၂၀၀၀)ဦးကျော် ရှိကြောင်း သိရသည်။

အောင်ကျော်(ပလက်ဝ)