ကန်ပက်လက် အောက်တိုဘာ ၂၂
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Online Physical Fitness Dance အကအား ယမန်နေ့ နံနက်ပိုင်းက တတိယအကြိမ်မြောက် ထုတ်လွှင့်ပေးကြောင်း သိရသည်။
အဆိုပါ Online Physical Fitness Dance အကသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေစဉ်အတွင်း Stay Home နေထိုင်ကြရသည့် ပြည်သူများနှင့် ကျန်းမာရေးလိုက်စားသူများအား ရည်ရွယ်လျှက် လှုပ်လှုပ်ရှားရှား အားကစား အစီအစဉ်တွင် လိုက်ပါလှုပ်ရှားနိုင်ရန် တင်ဆက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း Online Physical Fitness Dance အကတင်ဆက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း တင်ဆက်ကြခြင်းဖြစ်ကြောင်းနှင့် အဆိုပါ Video အစီအစဉ်ကို ကန်ပက်လက်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။
လှသန်းရီ(ပြန်/ဆက်)