ဘိုကလေး ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စာရေးဆရာအသင်းနှင့် စာပေချစ်သူ(Book Club) အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ(၁)ရက်မှ (၃၁)ရက်ထိ ပထမအကြိမ်မြောက် ဝတ္ထုတို၊ ကဗျာ၊ ရသစာတမ်း (Essay) ပြိုင်ပွဲအား စာမူဖိတ်ခေါ် လက်ခံခဲ့ပြီး ဆုရစာမူများအား ရွေးချယ်၍ ကလောင်ရှင်များအား ဆုချီးမြှင့်ပေးအပ်ပွဲကို မတ်လ (၁)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ဘိုကလေး-စက်ဆန်းကားလမ်းရှိ နဒီဆေးရုံ စားသောက်ခန်းမ၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် စာမူပေါင်း (၈၄)စောင် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရစာမူ (၁၅)ခုနှင့် စိတ်ကြိုက်အထူးဆု (၁)ဆု ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲအား မြန်မာစာပေ ဖွံ့ဖြိုး တိုးတက် စေရေး၊ သုတ/ရသ အရည်အသွေး ပြည့်မီသော စာပေများ ထွန်းကား လာစေရေး၊ မြန်မာ့ယဉ်ကျေးမှုကို အလေးထားထိန်းသိမ်း၍ တိုင်းချစ်ပြည်ချစ် စိတ်ထက်သန်စေရေး၊ မှန်ကန်သော အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗဟုသုတ တိုးပွားစေရေးနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရေးတို့ကို ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ကျင်းပရေးအဖွဲ့ထံမှ သိရသည်။
မိုးစက် (ဘိုကလေး)