အမရပူရ နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းတိုက်နယ်အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)စံပြကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှကလူငယ်ရေးရာအကြောင်းနှင့် မူးယစ်ဆေးဝါး အသိပညာပေးများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် နံရံကပ်စာစောင်များနှင့်စာအုပ်စာပေများဖတ်ရှုလေ့လာနိုင်စေရန် စာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)