ပူတာအိုမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

ပူတာအို အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နို၀င်ဘာ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာ၀န်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယ​နေ့နံနက်၉ နာရီခွဲက ပူတာအိုမြို့ အခြေခံပညာ အထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးနော်လွန်းက ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မဲရုံများတွင်တာ၀န်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး ပညာရေး၀န်ထမ်း ဆရာဆရာမများ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၉၆)ဦးတို့ကို နှစ်သုတ်ဖြင့် ယနေ့မှစ၍ အဆိုပါ အထက(ပူတာအို) အောင်ဆန်းခန်းမ၌ တစ်ရက်လျှင် သင်တန်းသားသင်တန်းသူ(၄၅)ဦးဖြင့် အောက်တိုဘာ(၂၂) ရက်နှင့် (၂၃)ရက် နှစ်ရက်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး လမ်းညွန်ချက်များ၊မဲရုံမှူး ဒုမဲရုံမှူးများ၏ လုပ်ငန်းတာ၀န်များ၊ မဲပေးခြင်းနှင့် မဲရုံတွင်အသုံးပြုသည့် ပုံစံများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ မဲရေ တွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နည်းပြငါးဦးတို့ က သင်တန်းများ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုရှိ၍ မဲရုံပေါင်း(၄၈)ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း(၃၉၃၀၆)ဦးရှိကာ နိုင်ငံရေးပါတီခုနှစ်ပါတီ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)