တောင်သာ နိုဝင်ဘာလ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ဆရာထိန်လင်းရေးသားသော ငွေကိုစီမံခန့်ခွဲနိုင်တဲ့ လူအတော်ဆုံးလူ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ မိဘများ၏သားသမီးအပေါ် ဘဝရည်မှန်းချက်နှင့် လက်တွေ့ဖြစ်စဥ်များ၊ ဆင်းရဲချို့တဲ့သူများ၏ အတွေးရိပ်များ၊ တစ်နေ့လုပ်တစ်နေ့စား ဘဝမှလွတ်မြောက်လိုသော အတွေးများ၊ငွေကြေးပညာရပ်အတွက် လူငယ်တိုင်းသိထားသင့်သည့် အခြေခံအယူအဆ စာရင်းအင်းပညာရပ်ဆိုင်ရာ ဝေါဟာရအချို၊ ရပိုင်ခွင့်နှင့်ပေးရန် တာဝန်တို့၏အဓိပ္ပါယ်ကွာခြားချက်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အကြောင်းစသည်ဖြင့် အသီးသီးအပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)