မိုင်းယန်းမြို့နယ် အ.လ.က (ဈေးတန်း) ကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်တွင် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲ‌တော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်း (ဈေးတန်း) ၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေမှူး ယာယီတာဝန်ခံ ဒုတိယပညာ‌ရေးမှူးနှင့်‌ ကျောင်းအုပ်ဆရာကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှတ်ဆန်းထွန်းတို့မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ကြပြီး ရာယီတာဝန်ခံ ဒုတိယပညာရေးမှူး ဦး‌ကျော်စိန်လှိုင်မှ ယခုလိုစုံညီပွဲတော်နှစ်စဉ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်၍ အ.လ.က‌ဈေးတန်း‌ ကျောင်းသား၊‌ ကျောင်းသူလေးများမှ ကြိုဆိုပါသည် စုံညီပွဲ‌တော်သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်မှ‌ ကျောင်းသုံးဗလာစာအုပ်နှင့် စာ‌ရေးကိရိယာများကို‌ ပေးအပ်လှူဒါန်းရာ‌ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့သည်။ ယင်း‌နောက်၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရ ကျောင်းသား၊‌ ကျောင်းသူများအား ဌာနဆိုင်ရာ အကြီးအကဲများမှ ဆုများအသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရသည်။

 ထွန်းထွန်းထူး