ဗန်းမော်မြို့၌ ကြိုတင်မဲဆန္ဒရှင် (၆၈) ဦး၏ ကြိုတင်ဆန္ဒမဲလက်မှတ်များ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဖြည့်သွင်း

ဗန်းမော် အောက်တိုဘာ ၂၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ပုံစံ(၁၅) ဖြင့်တောင်းဆိုထားသည့် ပြည်တွင်းမဲဆန္ဒနယ် ပြင်ပရောက် (ပုံစံ ၁-၁) ကြိုတင် မဲဆန္ဒရှင် (၆၈) ဦး၏ ကြိုတင် ဆန္ဒမဲလက်မှတ်များ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဖြည့်သွင်းခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့သည်။

အဆိုပါကြိုတင် ဆန္ဒမဲလက်မှတ်များ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဖြည့်သွင်းရာတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသာဗျောက အဖွင့်အမှာစကားပြောကြားပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်း က အမှာစကား ပြောကြားကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းညီညီက ကြိုတင်ဆန္ဒမဲပုံး ထဲသို့ဖြည့်သွင်းမည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် လုံခြုံရေးကြိုးများအား ပါတီအဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များက ကြည့်ရှုမှတ်သားခြင်း၊ ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း၊ လွှတ်တော်အလိုက် ကြိုတင်ဆန္ဒမဲ လက်မှတ်များ အမျိုးအစားခွဲ၍ ကြိုတင်ဆန္ဒမဲပုံးများထဲသို့ ဖြည့်သွင်းခြင်း ဆောင်ရွက်သည်။

ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဖြည့်သွင်းခဲ့သည့် ကြိုတင်ဆန္ဒမဲလက်မှတ်များမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်မဲဆန္ဒရှင်ဦးရေ (၆၈) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ် မဲဆန္ဒရှင်ဦးရေ (၆၈) ဦး၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ် မဲဆန္ဒရှင်ဦးရေ (၃၄) ဦး၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ် မဲဆန္ဒရှင်ဦးရေ (၃၄) ဦး ၊ ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲ လက်မှတ် မဲဆန္ဒရှင်ဦးရေ (၃၂) ဦး၊ ရှမ်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ် မဲဆန္ဒရှင်ဦးရေ (၁၃) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ခရိုင်ပြန်/ဆက်