ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ် အ​ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းကို အပတ်စဉ် (၃)ခုခွဲ၍ ဖွင့်လှစ် ပို့ချပေးသွားမည်

ဟားခါး အောက်တိုဘာ ၂၂

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့်ဒုမဲရုံမှူး သင်တန်း အပတ်စဉ်(၃)ခုခွဲ၍ အောက်တိုဘာ ၂၃ ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့နယ်အတွင်း မဲရုံမှူးနှင့် ဒုမဲရုံမှူးတာဝန် ထမ်းဆောင်မည့် ပညာရေးဌာနမှ သင်တန်းသား (၁၉၀)ဦးကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြဆရာများအဖြစ် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ဥပဒေရုံး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရ သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့နယ်အတွင်းရှိ မဲရုံမှူးနှင့် ဒုမဲရုံမှူးတာဝန် ထမ်းဆောင်မည့် ပညာရေးဌာနမှ သင်တန်းသား (၁၉၀)ဦးကို အောက်တိုဘာ ၂၃ ရက်နေ့မှ စ၍ အပတ်စဉ်တစ်ခုလျှင် သင်တန်းကာလ(၂)ရက်နှုန်းဖြင့် အပတ်စဉ်(၃)ခုခွဲ၍ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

ဟားခါးမြို့နယ်အတွင်း မဲရုံ(၉၅)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ​ပေါင်း (၃၉၁၂၃) ဦးရှိကြောင်း ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးထောင်ဇဆန်းထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)