မြို့လှမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်

မြို့လှ အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေအိမ်များသို့အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ်အဖြစ် ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးအား  စက်တင်ဘာလအတွင်း၌ ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါထောက်ပံ့ခြင်းသည် ကိုဗစ်-၁၉ ကာလအတွင်း မြို့လှမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှတစ်ဆင့် ဗန်းမော်ခရိုင်  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ ငွေဗိုက် Application ဖြင့် စာရင်းသွင်းခဲ့သူ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်(၁၄)ဦး အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀ဝိ/)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၂ဝ,ဝဝဝိ/)ကို ဒုတိယအကြိမ်အဖြစ် လူမှုဝန်ထမ်း ဦးစီးဌာန ကိုယ်စားသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုယ်ဝန်ဆောင်များ၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)