ပူတာအို အောက်တိုဘာ ၂၃
နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသများ လမ်းပန်ဆက်သွယ် ရေးကဏ္ဍ ကောင်းမွန်ရေးဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့၀င်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် တံတားများအား ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများသည် ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာအုပ်စု၊ မာမိန်းနှင့် မာမိန်းရှီးဒီကျေးရွာ ချင်းဆက်လမ်းပေါ်တွင် အရှည်(၅၀)ပေ၊ အကျယ်(၁၄)ပေ နှစ်လွှာတစ်ထပ်ဘေလီတံတားနှစ်စင်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်းပေါင်း(၂၆၁.၄၅)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် မချမ်းခ ဆောက်လုပ်ရေးကုမ္ပဏီက တာ၀န်ယူဆောင်ရွက်ပြီးစီးခဲ့သည့် တံတားနှစ်စင်းအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
အဆိုပါ ဘေလီတံတားနှစ်စင်း တည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့် မကပ်မုံ၊ လန်းတောင်၊ ဇီးအွန်ကျေးရွာ အုပ်စု(၃)အုပ်စု၊ကျေးရွာ(၁၅)ရွာ၊ အိမ်ခြေ(၁၅၃၇)အိမ်၊ အိမ်ထောင်စု (၁၅၇၁)စုနှင့် လူဦးရေပေါင်း (၈၉၀၃)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှသိရသည်။
ဖုန်ကန်(ပြန်/ဆက်)