ပလောက် နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပလောက်နယ်မြေမီးသတ်စခန်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ပရိသတ်များအားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်စာစောင်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စာဖတ်ပရိသတ်များကြိုက်နှစ်သက်သည့် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်များ ထံလက်ဝယ် အရောက်သွားရောက်ငှား ရမ်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)