နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

နွားထိုးကြီး နိုဝင်ဘာ ၁၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ဖေမြင့်၏ တန်ဖိုးထားအပ်သော စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များကိုယ်မရသည့်အရာကို မကောင်းဟုပြောသည့် စိတ်ဓာတ်မှာ ထောက်ခံစရာအဟုတ်ပါ  သို့သော်မဖြစ်နိုင်တာကို စွဲလမ်းမနေဘဲ တစ်နည်းနည်းသံ ယောဇဉ် ဖြတ်တာကောင်းသည်ဆိုသောအချက်သည်ကား ယေဘူယျလက်ခံရလိမ့်မည်ထင်သည်။ သို့စော် လူ့လောက်ထဲမှာ လိုအပ်တာထက်ပိုပြီး စိတ်ပက်ပန်းဆင်းရဲပြီး မခံစားရအောင်ဆိုလျှင်မူ မဖြစ်နိုင်သည့်ကိစ္စကို မသိကျိုးကျွန်ပြုတက်ဖို့ ကိုယ်မနိုင်သည့်ကိစ္စကို သည်ညည်းခံတက်ဖို့ ပြဿနာအသေးအမွှားကိုအလေးထားမနေဖို့ တော်ရုံတန်ရုံချွတ်ယွင်းချက်ကိုအသည်းအသန်ကြိုးစားပြင်ဆင် မနေဖို့စတာတွေကိုတော့ ကျွန်တော်တို့ သတိပြုဆင်ခြင်ရန်လိုလိမ့်မည်ထင်ပါသည် စင်စစ်တကယ့် ပကျိုးအမြတ်ကို ချင့်တွက်မည်ဆိုလျှင် တချို့ကိစ္စသည် သူ့အတိုင်းလွှတ်ထားလိုက်တာ အကောင်းဆုံးဖြစ်ကြောင်း အများသဘောပေါက်နိုင်ကြပါသည်ဟု စာရေးဆရာ ဖေမြင့်၏ တန်ဖိုးထားအပ်သောအရာများ စာအုပ်ပါအကြောင်းအရာများမှနားလည်မှတ်သားထားရှိမှုများကိုနွားထိုးကြီး မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူတစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်