ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်ပြသ  

ပြင်ဦးလွင်  နိုဝင်ဘာ  ၁၅   

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ခြင်း အကြောင်းနှင့် စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ပြင်ဦးလွင်မြို့ရှိ အမှတ်(၃)၊အခြေခံပညာ မူလတန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်ပြီး ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ပြဘုတ်ကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)