လိုင်လင်းပီ-ရေဇွာလမ်းပိုင်း၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရေးအခက်အခဲဖြစ်နေ

လိုင်လင်းပီ ဇန်နဝါရီလ ၇

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့အကြား စပေါ်ကျေးရွာအနီး၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါမြေပြိုမှုမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမြေပြိုသည့်နေရာအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"‌မြေပြိုတာကတော့ ရေဇွာကနေဆိုရင် စပေါ်ရွာ မရောက်ခင် ချောင်းနားမှာ ဖြစ်တာပါ၊ ရေဇွာနှင့် လိုင်လင်းပီကို ဆိုင်ကယ်နဲ့တော့ ကောင်းကောင်းသွားလို့ ရနေပါပြီ၊ လာမယ့် ဇန်နဝါရီလ (၉)ရက် လောက်ဆိုရင်တော့ ကုန်ကားတွေလည်း သွားလို့ရတော့မှာပါ" ဟု အဆိုပါ လမ်းပိုင်းတာဝန်ယူ ဆောင်ရွက်နေသည့် စက်ကြီးမောင်းသူမှ ပြောပါသည်။

ကိုလိန်း(ပြန်/ဆက်)