ဝမ်းတွင်း နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း” စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း” စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ရာ ဦးတင်လှိုင်(စာကြည့်တိုက်မှူး)က လူငယ်နှင့်အမှားခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးခဲ့ပြီး မစန်းစန်းထက် Grade-9 က “မှားမှာကိုမကြောက်ပါနဲ့”၊ မယဥ်ယဥ်ဝေ Grade-8 က “အောင်မြင်ခြင်းအတွက်တည်ဆောက်ခြင်း”၊ မဇင်ပွင့်ဖြူ Grade-8 က “လူငယ်နှင့် စူးစမ်းလေ့လာမှုများ”၊ မယမင်းဖြူ Grade-8 က “ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာ”၊ မဆုမြတ်မွန် Grade-8 က “လူငယ်နဲ့သိပ္ပံအတွေး” စသည့်ခေါင်းစဥ်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာဖတ်ဝိုင်းသို့ အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၅)မှ ကျောင်းသူ/ကျောင်းသားများက တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)