ဟားခါး အောက်တိုဘာ ၂၃
ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဘာဝဘေးကျရောက်လာပါက အချိန်နှင့် တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသျှန်နွမ်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲပြိုခြင်း၊ အိမ်ပြိုခြင်းစသည့် သဘာဝဘေးနှင့် ယာဉ်မတော်တဆဖြစ်ပွားခြင်းများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသျှန်နွမ်မောင်ထံမှ သိရသည်။
ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ဖုန်း ၁၉၁၊ ဟားခါးမြို့နယ် မီးသတ်ရုံးဖုန်း ၀၇၀၂၀၂၁၁၈၃၊ မြို့နယ်မှူးဖုန်း ၀၉၄၂၅၃၅၀၃၉၈၊ ၀၉၇၇၀၂၆၀၂၁၉၊ စခန်းမှူးဖုန်း ၀၉၂၅၀၀၅၆၆၉၂၊ (မှတ်ချက်ဖုန်း ၁၉၁ ခေါ်ဆိုပါက မိမိဖုန်းဘီလ် ဖြတ်တောက်ခြင်းမရှိပါ) စသည့် အရေးပေါ်ဖုန်းများကို ဆက်သွယ်နိုင်ကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသျှန်နွမ်မောင်ထံမှ သိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)