အိမ်မဲမြို့နယ်တွင် Youth Club အဖွဲ့က “ရှောင်ရှားသင့်သောမူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နေ့လယ် (၁၂) နာရီတွင် Youth Club အဖွဲ့က ရှောင်ရှားသင့်သော မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပသည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး  ဒေါ်စောသန္တာဦးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်/ဆက် ဒုတိယဦးစီးမှူးနှင့် Youth Club အဖွဲ့ဝင် များက သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်မှ ဒေါက်တာခင်မောင်ညို၏ မူးယစ်ဆေးအန္တရာယ်၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်အစရှိသည့် ခေါင်စဥ်များဖြင့် မိမိတို့၏ထင်မြင်ယူဆချက်များကို အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းများကျင်းပပေးခြင်းကြောင့် Club အဖွဲ့များတစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)