တောင်ကြီး နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဒေသအကျိုးပြုဓာတ်ပုံဆရာများပေါ်ထွန်းလာစေရန်နှင့် ဓာတ်ပုံဝါသနာရှင်များဓာတ်ပုံပညာကို စနစ်တကျလေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးနည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအားဗျေ့က အဖွင့်အမှာစကားပြောကြားပြီး ဗွီဒီယိုနှင့်ဓာတ်ပုံပညာရှင် Swaitawyeik Production မှ ဦးကျော်ကျော်ဝင်းက ဓာတ်ပုံရိုက်ကူးနည်းပညာ သင်ကြားပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် BASIC PHOTOGRAPHY,BASIC PHOTOGRAPHY TECHNIQUES, DOCUMENTARY PHOTOGRAPHY, HOW TO MAKE A PICTORIAL BOOK, HOW TO MAKE A PHOTO EXHIBITION စသည့်ဓာတ်ပုံပညာရပ်များကို နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်ပုံပညာလေ့လာလိုသူ သင်တန်းသား ၈၀ ဦးတို့က Community Centre သင်တန်းခန်းမနှင့် Online များမှတဆင့် တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
ဇော်နိုင်လင်း(တောင်ကြီး)