တပ်ကုန်း နိုဝင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ကို ယနေ့မွန်းလွဲ ၁နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
အဆိုပါစာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့်(မြ ကျောက်အေးချမ်း)၊ ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း ) တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ မောင်ခင်မင် ရေးသားထားသည့် “အမွေခံ တစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်တွင် ပါရှိသည့် လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ ဆရာမတိုက်ကျွေးသော အားဆေးစကား၊ စိန်ခေါ်ကြစေချင်ပါသည်၊ စိတ်ကူးလမ်းကြောင်းအပိတ်အဖွင့်၊ ပညာတတ်ဖို့စာဖတ်ရမည်၊ ဂုဏ်ယူစရာကြိုးစားစရာ၊ ချစ်သမီးကလေးများအတွက် ခေါင်းစဉ်များ အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတများရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်