နမ့်ဆန် ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် 2019 Novel Coronavirus ရောဂါကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း နှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါရောဂါနှင့် ပတ်သက်၍ ပြည်သူများအား ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရှမ်း/မြောက်) မှ ထုတ်ပြန်သည့် 2019 Novel Coronavirus (2019 nCoV) ကျန်းမာရေး အသိရှိစေဖို့ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ပြန်/ဆက် ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့က ရုံးများနှင့် ရပ်ကွက်များတို့တွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ လမ်းသွားလမ်းလာများသည့် နေရာများတွင် ပညာပေး နံရံ ကပ်စာစောင်များကပ်ထားခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့သို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများတို့က ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်၍ ကျန်းမာရေးအသိပညာသိရှိခြင်း၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းကောင်းများကို သိရှိခြင်း၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့် နည်းလမ်းကောင်းများကို သိရှိပြီး အဆိုပါရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)