ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ လိမ့်ကျခြင်းကြောင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီး

ဖလမ်း အောက်တိုဘာ ၂၃

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ လိမ့်ကျခြင်းကြောင့် ယ‌နေ့နံနက်ပိုင်းက  နေအိမ်ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

လိမ့်ကျသည့် ကျောက်တုံးသည် တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ၎င်းနေအိမ် (၁) လုံး မီးဖိုချောင် အတွင်းသို့ ဝင်ရောက်ကာ သွပ်ကာ၊ ပျဉ်ခင်းများ ပျက်စီးသွားသည်။ နေအိမ်အတွင်းသို့ ဝင်ရောက်သည့် ကျောက်တုံးကို ဖလမ်းမြို့နယ် ဒုမီးသတ်ဦးစီးမှူး ဦးဘွဲ့ခင်နှင့် တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်း ပေးခဲ့သည်။

၎င်းနေအိမ်သည် အောက်တိုဘာလ ၃ ရက် နံနက်ပိုင်းက ကျောက်တုံး လိမ့်ကျခြင်းကြောင့် တံခါးမကြီး၊ သွပ်မိုး၊ သွပ်မိုးတန်း၊ ပျဉ်ခင်း၊ ကြမ်းခင်းတန်းများ ပျက်စီးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် ကျောက်တုံး လိမ့်ကျခြင်းကြောင့် ထိခိုက် ပျက်စီးခြင်းဖြစ်ကြောင်းနှင့် အဆိုပါနေအိမ်တွင် မီးသားစုဝင်များ နေထိုင်ခြင်း မရှိကြောင်းသိရသည်။

ဂျွန်