ရိခေါ်ဒါရ် အောက်တိုဘာ ၂၃
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦ တစ်လုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ရာ လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်း လေးခန်းတွဲဝန်ထမ်းအိမ်ရာ အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၀၅.၈၄၀ သန်းဖြင့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ Steel Structure တစ်ထပ်ဖြင့် ပန်းလိပ်ပြာကုမ္ပဏီလီမီတက်မှ တာဝန်ယူဆောက်လုပ် ထားခြင်းဖြစ်ပြီး လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရိခေါ်ဒါရ် အခြေခံပညာအထက်တန်းကျောင်းတွင် လက်ရှိအခြေအနေ၌ သင်ကြားရေး ကျောင်းဆရာ/မ ၂၃ ဦးနှင့် ရုံးဝန်ထမ်း ခုနှစ်ဦး၊ ဝန်ထမ်းစုစုပေါင်း ၃၀ ဦးရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)