တနိုင်း အောက်တိုဘာ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အောက်တိုဘာလ(၂၀)ရက်နေ့မှစ၍ မိုးအဆက် မပြတ်ရွာသွန်းခြင်းကြောင့် တဝမ်ချောင်းရေ မြင့်တက်လာပြီး နမ္မတီး-တနိုင်း-ပန်ဆောင်သွားလမ်းတွင် လမ်းသားများ ရေတိုက်စားမှုဖြစ်ပွား လျက်ရှိကြောင်းသိရှိရသဖြင့် အဆိုပါနေရာများတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အချိန်မှီဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် သက်ဆိုင်တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
တနိုင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် တဝမ်ချောင်းရေမြင့်တက်လာရာ နမ္မတီး-တနိုင်း-ပန်ဆောင် သွားလမ်းရှိ 125.3KM နှင့် 153.0KM ကြားတွင် လက်ရှိအသုံးပြုနေသော ရှောင်ကွင်း လမ်းသည် ရေတိုက်စားမှုဖြစ်ပွားရာ လမ်းအကျယ်(၃)ပေခန့် လမ်းအရှည်ပေ (၃၀၀)ခန့်ရေတိုက်စားခံရ ကြောင်းနှင့် တံတားအမှတ်(၅/၉၅)တံတား၏ Wing Wall နှစ်ဘက် ပျက်ဆီးခြင်းတို့ကြောင့် ဆိုင်ကယ် နှင့် ယာဉ်ငယ်များသာသွားလာနိုင်ပြီး ယာဉ်ကြီးများဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိပြီး လမ်းအခြေအနေမှာ ကျိုးပေါက်နိုင်သည့် အနေအထားရှိနေသောကြောင့် အဆင်ပြေဖြတ်သန်းသွားလာနိုင်ရေးနှင့် လမ်းကြောင်းပြတ်တောက်မှုမရှိစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ(၂) ဦးစိုင်းအောင်မျိုးညွှန့် ဦးစီးသောအဖွဲ့မှ ယာဉ်ယန္တရားများ အသုံးပြုကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်နေမှုအခြေအနေများအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှု ဦးကျော်လွင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် အဆိုပါရေတိုက်စားခံရသည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုက်အပ်ချက် မရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)