ပန်းတနော် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့ဝင်များမှ စာရေးဆရာ သခင်ကိုယ်တော်မှိုင်းနှင့် အခြားစာရေးဆရာများရေးသားသည့် "လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာမင်းစိုးသိန်း၊ အတွင်း ရေးမှူး ဦးသိန်းအေးနှင့်အဖွဲ့ဝင်များက စာရေးဆရာ သခင်ကိုယ်တော်မှိုင်းနှင့် အခြားစာရေးဆရာများရေးသားသည့် "လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး" စာအုပ်မှသည်ကနေ့ မြန်မာ့ယဥ်ကျေးမှု မျက်နှာစာ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ ယဥ်ကျေးမှုနှင့်လူငယ်၊ ယဥ်ကျေးမှုစံနှုန်းမြှင့်ကြရအောင်၊ လူငယ်တွေလက်ခံနေတဲ့ ယဥ်ကျေးမှု၊ ဘာတွေကိုထိန်းသိမ်းမှာလဲ၊ ဘယ်လိုထိန်းသိမ်းမှာလဲ၊ လူငယ်ယဥ်ကျေးမှု အပြောင်းအလဲမှသည် လူ့အဖွဲ့အစည်းအပြောင်းအလဲသို့ စသည့်စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)