ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ထား၀ယ်  နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်ကျောင်းသား/သူများ၏ စာစီစာကုံးများအား ဆရာမများက စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက အမျိုးသားအောင်ပွဲနေ့သည် တစ်မျိုးသားလုံးမျိုးချစ်စိတ်ဓာတ်များ ရှင်သန်နိုးကြားကာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားလာပြီး အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုဖြစ်သည့် လွတ်လပ်ရေးရသည်အထိသမိုင်းတွင် အရေးပါသည့် လှုပ်ရှားမှုကြီးဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် အမျိုးသားအောင်ပွဲနေ့သည် အရေးပါသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ကို အစဉ်မမေ့သင့်ကြောင်းနှင့် ကျောင်းသား/သူများ၏ ဆုရွေးချယ်ရာတွင် ပါဝင်သည့်အချက်များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)