ကလိန်အောင် အောက်တိုဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်တံတားကြီး၌ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီက ရေး-ထားဝယ်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ် များ ပေါ်တွင် သတ်မှတ်ထားသော လူဦးရေထက်အပိုတင်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ရေဖြူမြို့နယ် ယာဉ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအနေဖြင့် တိုင်း၊ ပြည်နယ်များမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များပေါ်တွင် သတ်မှတ်ပေးထားသော လူဦးရေထက် အပိုတင်ဆောင်လာမှု ရှိ/မရှိစစ်ဆေးခြင်း၊ အပြင်ထွက်သွားလာပါက mask တပ်ဆင်မှုရှိ၊ မရှိ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်)