ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော်၊ သံဃာတော်များအား ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကျွန်းစု အောက်တိုဘာ ၂၄

တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးကြီးသိန်းထူး ဦးစီးပြီး အရာရှိများ၊ စစ်သည်များသည် ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အေးငြိမ်းသုခ ဓမ္မရိပ်သာကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ် ကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာ၌ အေးငြိမ်းသုခဓမ္မရိပ်သာကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကိုယ်အပူချိန်များ တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လှူဖွယ်ပစ္စည်းများ၊ ဆန်(၅)အိတ်၊ ဆီ(၆)ဘူး၊ သင်္ကန်းခြင်း(၁)ခြင်း၊ ပရိက္ခရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူ ဖြစ်စေရန်အတွက် Mask များ၊ လက်သန့်ဆေး ရည်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား ဆွမ်းကွမ်း အခက်အခဲ မရှိစေရန်အတွက် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဘုရားတည်ရန်မတည် အလှူတော်ငွေ (၁,၃၀၈,၀၀၀/-)ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းကျော်စော (ပြန်/ဆက်)