ကျောက်မဲမြို့နယ် နားပြိန်းကျေးရွာ မီးလင်းပြီ

ကျောက်မဲ အောက်တိုဘာ    ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ  နားပြိန်းကျေးရွာအုပ်စု၊ နာပြိန်းကျေးရွာ မီးလင်းရေးဆောင်ရွက်ပေးလျက်ရှိရာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့်  ယမန်နေ့ကစ၍ နားပြိန်းကျေးရွာ မီးလင်းပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါနားပြိန်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့်  ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရင်နေ့မှ စတင်၍ တင်ဒါအောင်မြင်ခဲ့သော ဟိန်းထက်စွမ်းကုမ္ပဏီမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃ ဒသမ ၅ မိုင်၊ ၁၁ / ၀ ဒသမ ၄ ကေဗွီ ၁၀၀ ကေဗွီအေ ခွဲရုံ ၁ ရုံနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁ ဒဿမ ၂ မိုင် တို့ကို တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်သည်။

နားပြိန်းကျေးရွာရှိ အိမ်ခြေ ၉၇ အိမ်အနက် ၉၅ အိမ် မီးလင်းပြီ ဖြစ်သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလင်းပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်မီးစတင်ရရှိသည့် နားပြိန်းကျေးရွာရှိ ပြည်သူများ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ အသုံးပြုတတ်စေရေးအတွက် အသိပညာပေးဆွေးနွေးခြင်းများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူများက  ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)