မင်းတပ်မြို့တွင် Facility Quarantine နေထိုင်ပြီးသူများအား အိမ်ပြန်ခွင့်လက်မှတ်ပေးအပ်

မင်းတပ်         အောက်တိုဘာလ                ၂၄

မင်းတပ်မြို့ Quarantine Centre များ၌ Facility Quarantine နေထိုင်ပြီးသူများအား ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။

မင်းတပ်မြို့၌ Facility Quarantine နေထိုင်သူ အထက(၁) ကျောင်းတွင် ၁၅ ဦး၊ အထက(၃) ကျောင်းတွင် (၁၀) ဦး၊ ခရိုင်ပြည်သူ့ဆေးရုံဝင်းတွင် ၁၅ ဦး စုစုပေါင်း  Facility Quarantine နေထိုင်သူ ၄၀ ဦးအနက် အထက(၁) ကျောင်းမှ (၂) ဦး၊ အထက(၃) ကျောင်းမှ (၅) ဦး စုစုပေါင်း(၇) ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းတွင် အိမ်ပြန်ခွင့်ရရှိကြပြီး အိမ်တွင်လည်း Home Quarantine ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်းနှင့် မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၆) ဦးသာကျန်ရှိပြီး ၎င်းတို့မှာကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ခရိုင် ပြည်သူ့ကုသကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံမှ သိရသည်။

ခွီရှိန်းမောင်း(ခရိုင်)