မြစ်သား ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီ က မြစ်သားမြို့နယ် တမာပင်ကျေးရွာအုပ်စု၊ တမာပင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက ပြည်သူ့ စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်း၊ ကျေးလက် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မော်မော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းထွန်း၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ဒုဦးစီးမှူး ဦးဝင်းကျော်နိုင်၊ မြစ်သားမြို့နယ် လျှပ်စစ် မန်နေဂျာ ဦးမျိုးသန့်၊ ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန(ဝဲ) ဦးစီးအရာရှိ ဦးညွှန့်ဝင်း၊ ကျန်းမာရေးမှူး ဒေါ်ထွန်းမေ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ခင်ဆွေမင်း တို့က မိမိတို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တမာပင်ကျေးရွာတွင် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာပြည်သူများက မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် သိရှိလိုသည်များကိုမေးမြန်းရာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)