ကျီခါးမြို့၌ Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး ရောဂါပိုးမတွေ့သူ အမျိုးသား (၅) ဦးအား ကျန်းမာကြောင်း ထောက်ခံစာများ ပေးအပ်

ကျီခါး    အောက်တိုဘာ    ၂၄

ချင်းပြည်နယ်၊ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှပြန်လည် ၀င်ရောက်လာသည့် နေရပ်ပြန်များအား မြန်မာ-အိန္ဒိယ နယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပြန်လည်လက်ခံ၍  အသွားအလာကန့်သတ်ပြီး  ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက်ထားလျက်ရှိရာ ယနေ့ နံနက် (၈) နာရီအချိန်တွင် Facility Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး Swab နမူနာ(၂)ကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့သူ အမျိုးသား(၅)ဦးအား  ကျန်းမာကြောင်း ထောက်ခံစာများပေးအပ်ပြီး ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်သဖြင့် ပြန်လည်စေလွှတ်သူအမျိုးသား(၅)ဦးမှာ အိန္ဒိယနိုင်ငံမှနေရပ်ပြန်လာသည့် ကျီခါးမြို့အမှတ်(၁)ရပ်ကွက်မှ အသက်(၁၈)နှစ်ရွယ်အမျိုးသား(၁)ဦး၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာမှ အသက်(၃၃)နှစ်၊ အသက် (၂၀)နှစ်၊ အသက်(၂၁)နှစ်နှင့် အသက်(၂၀)အရွယ် အမျိုးသား(၄)ဦး  စုစုပေါင်းအမျိုးသား(၅)ဦးဖြစ်ကြောင်းနှင့် ၎င်းတို့အား ကျီခါးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ကျန်းမာကြောင်း ထောက်ခံစာများပေးအပ်ပြီး မိမိတို့သက်ဆိုင်ရာ နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက် ထပ်မံနေထိုင်စေရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)