မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာအုပ်လှူဒါန်းပွဲကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာအုပ်လှူဒါန်းပွဲတွင်  စာရေးဆရာ မင်းရဲထွန်းမြင့်(မြစ်သား)က စာအုပ်စာစောင်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်အလှူရှင် စာရေးဆရာ မင်းရဲထွန်းမြင့် (မြစ်သား)က မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် အတွက် သုတရသ ၇၀ အုပ်နှင့် မဂ္ဂဇင်းစာအုပ် ၈၄ အုပ်တို့အား ပေးအပ်လှူဒါန်းရာ မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာမြသင်းကြိုင်တို့က လက်ခံခဲ့သည်။

ယင်းနောက် မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲကို မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာမြသင်းကြိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)