ကာလိမြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်

ကာလိ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်က အခြေခံပညာမူလတန်း လွိုင်ချိုကျောင်း၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ  စာဖတ်ပရိသတ်များကို စာပေဖတ်ရှုလေ့လာစေရန်ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း ငှားရမ်းထားသည့် စာအုပ်များ ပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည် ငှားရမ်းသည့် စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာငှားသူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်း၊ ထိုသို့စာအုပ်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိသည့် သုတ၊ ရသစာအုပ် စာစောင်များ အုပ်ရေ (၃၀) အုပ် ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်ထင် (ကာလိ၊ပြန်/ဆက်)