တောင်သာ နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော ကံဆိုသည်မှာ စေတနာ မုဒိတာ အမှာစာများ စာအုပ်မှ မောင်အုန်းဖေ၏ ဒီဟာအစ ဒီလိုဗျ စာအုပ်တွင်ပါသည့် အမှာစာ၊ သော်တာဆွေ၏ ရာပြည့်အမှတ်တရ လွမ်းတသသ စာအုပ်တွင်ပါသည့် အမှာစာ၊ ချစ်စံဝင်း ၈၀ ပြည့်မွေးနေ့ချိန်ခါ စာအုပ် ၂၀၀ စာအုပ်တွင်ပါသည့် အမှာစာ၊ ကျော်ကျော်လှိုင်၏ ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှု အရည်အသွေးကို လေ့လာခြင်း စာအုပ်တွင်ပါသည့် အမှာစာ စသည်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)