ကျွန်းစု မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ် (စ်) ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၉) နာရီအချိန်က စာကြည့်တိုက်သို့ လာသူတိုင်း လက်ဆေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
"ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်နိုင်ရေးအတွက် စာကြည့်တိုက်လာသူများကို လက်ဆေးနိုင်ရန်အတွက် ဆပ်ပြာရည်နှင့် ရေကိုထားရှိပေးပြီး စနစ်တကျ လက်ဆေးကြရန်နှင့် ရောဂါကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ အရေးကြီးသည့်အတွက် ယခုလိုဆောင်ရွက်ရခြင်းဖြစ်တယ်" ဟု မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုး ကို ပြောကြားကြာင်းသိရသည်။
စည်သူရအောင်(ကျွန်းစု)