မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center)တွင် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

မြောင်းမြ   ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊  စာဖတ်ရှိန်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတပြည့်စုံစေရေးအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့်  မြန်မာစာစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နေ့လယ် (၂:၀၀) အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲများတွင် မူလွန်ဘုရားချောင်း(ရပ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူ လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေပြီး စာပေဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ပြီး သွက်လက်ထက်မြက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ၊   ပြိုင်ပွဲ၊ ပြပွဲ၊ စာဖတ်ဝိုင်းများ၊  ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)