ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါး ၆၀၄ ဧက အောင်မြင် ဖြစ်ထွန်း

ညောင်ဦး  အောက်တိုဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်မှပေးလွှတ် သော လျှပ်စစ်မြစ်ရေ တင်ရေဖြင့် မိုးစပါး ၆၀၄ဧက စိုက်ပျိုးပြီးစီးအောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်ကြောင်းငါ့သရောက် လျှပ်စစ်မြစ်ရေတင်တာဝန်ခံဦးအောင်အောင်(ဦးစီးအရာရှိ)က ပြောကြားသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဩဂုတ်လ တွင်စတင်ပျိုးထောင် ခဲ့ကြောင်း၊ ပျိုးထောင်ပြီး ၂၁ရက်သားပျိုးပင်များအား လယ်ကွင်းအ တွင်းပြောင်းရွှေ့ စိုက်ပျိုးကြကြောင်း သိရသည်။ငါ့သရောက်မြစ်ရေတင်ဖြင့် ဆင်းသုခ၊ မနောသုခစပါးမျိုးတို့တောင်သူများစိုက်ပျိုးကြကြောင်း၊ ငါ့သရောက်မြစ်ရေတင်ဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းစနစ်လည်းစိုက်ပျိုးကြကြောင်း၊ တိုက်ရိုက် စပါးအစေ့ချ စိုက်ပျိုးခြင်းသည် ပျိုးထောင်စိုက်ပျိုးခြင်းထက် အထွက်နှုန်းလျော့သော်လည်း စရိတ်စက၊လူ ပင်ပန်းမှုအလွန်သက်သာကြောင်း မြစ်ရေဖြင့်စိုက်ပျိုးရခြင်းကြောင့် စပါးခင်းများကောင်း မွန် ကြကာ မရမှာလည်းမစိုးရိမ်ရကြောင်း အုန္နဲကျောင်းရွာ စပါးစိုက်တောင်သူ ဦးဌေးကရှင်းပြသည်။

မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုး ရေသွင်း စရိတ် ၆၀၀၀ ကျပ်ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ကျပ်ပေး ရကြောင်း ၊ အခြားသီးနှံအတွက် ၃၀၀၀ကျပ်ပေးသွင်းရ ကြောင်းသိရသည်။ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀လက်မအောက်သာရွာသွန်းခြင်းကြောင့် စပါး အောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်းတန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြသည်။မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက် ပျိုးခ (၅၅၀၀၀) ကျပ်ဖြင့် စိုက်ဧကပြတ်စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက်တောင်သူ ဦးဌေးကပြောသည်။

ငါ့သရောက်မြစ်ရေတင်ရေသည် သောက်သုံးရေအတွက်လည်း ကျေးရွာသုံးရွာ အားရေလွှတ်ပေး ထားကြောင်း၊ ညောင်ဦးမြို့နယ်တွင် လက်ပံခြေပေါ်မြစ်ရေတင်၊ ငါ့သ ရောက်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ကျောက်ကူးမြစ်ရေတင်၊လောကနန္ဒာမြစ် ရေတင် လျှပ်စစ်မြစ်ရေတင်ငါးခု ရှိကြောင်း ၊ငါ့သရောက်မြစ်ရေတင် တာဝန်ခံ ဦးအောင်အောင်(ဦးစီးအရာရှိ)ကရှင်းပြသည်။

 

ကိုထိန်၊ KPD