မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

မန္တလေး ဒီဇင်ဘာ ၅

မန္တလေး၊ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အောင်မြေသာစံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုး တက်ရောက်အမှာစကားပြောကြားပြီး ကျောင်းအတွက် သုတ/ရသစာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအေးကျော်က ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှစန်းမြင့်က အမျိုးသမီးရေးရာအဖွဲ့အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဒေါ်စမ်းစမ်းအေးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေးဟောပြောကြရာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် လူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက ဆွေးနွေးဟောပြောချက်များအပေါ် ညဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

အခမ်းအနားသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားမစတင်မီ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဝေငှပေးကြပြီး ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များနှင့် အသိပညာ‌ပေး နံရံကပ်ပိုစတာများကို ဖတ်ရှု့လေ့လာကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)