ကော့သောင်း ဒီဇင်ဘာ ၅
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းနှင့် အမျိုးသားရေး စိတ်ဓါတ်နိုးကြားထက်သန်ရေး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ တွေးတောဆင်ခြင်ကြံဆမှုနှင့် တီတွင်ဖန်တီးလိုစိတ်များ မြင့်မားလာစေပြီး စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ကာယစွည်းရည်ပြိုင်ပွဲများအား လူငယ်လူရွယ် ကလေးဘဝမှစတင်ကာ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွက်လာရေးနှင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းသား/သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)