ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အမှတ်-၁၅ အခြေခံပညာအထက်တန်းကျောင်းတွင် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ  ဒီဇင်ဘာ  ၅

ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အမှတ်-၁၅ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က နေ့ထူးနေ့မြတ်များရှိသည့်အနက် အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုတွင် အရေးပါခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး အမျိုးသားနေ့ စတင်ခဲ့ပုံများ၊ အမျိုးသားပညာရေးကျောင်းများ ဖွင့်လှစ်ခဲ့ပုံနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံများကို  အသိပညာပေး ဟောပြောခဲ့သည်။

သန်းသန်းနွယ်(ပုဗ္ဗ)