မလှိုင် ဒီဇင်ဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေသော ၂ဝ၂၃ ခုနှစ် (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများသိရှိ လေ့လာနိုင်စေရန်အတွက် မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ(၂)နာရီခွဲ အချိန်တွင် အ.ထ.က.(မြို့သစ်)ကျောင်းသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူခေါင်းကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၇.၁၁.၂ဝ၂၂) ရက်နေ့တွင် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နှုတ်ချက်မှ အမျိုးသားရေးတာဝန် ၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၂ဝ.၁.၁၉၄၆) ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်မှ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏အမည် ၊ ၂ဝ၂၃ ခုနှစ် (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ဘိုမျိုး(ရွှေဘို)၏ အမျိုးသားနေ့ မမေ့အပ်ရာ ကဗျာ၊ ပညာရေးမျော်မှန်း ချက်၊ အမျိုးသားနေ့ဆောင်ပုဒ်များပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် တန်ဆောင်မုန်းလပြည့်ကျော်(၁ဝ)ရက်နေ့ မလှိုင်အ.ထ.က(ဧရာဝတီ)ခန်းမ၌ ကျင်းပ ပြုလုပ်မည့် (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် မြို့မိ၊ မြို့ဖများကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)