မောက်မယ် ဒီဇင်ဘာ ၆
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကာယဉာဏနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းကအမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓါတ်၏အရေးပါမှု၊ နှစ်စဉ် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတစ်ဝှမ်းစည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားအမှတ်ရနေစေရန်၊ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရနေစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ (၂၀)ဦးအား ကာယဉာဏနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးပြီး ဆုရရှိသူများကို ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်း၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)