ပင်လုံ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး စာဖတ်ခြင်းဖြင့် အဆိုးအကောင်းအကျိုးအကြောင်း ဝေဖန်ပိုင်းခြားတတ်ကြောင်း၊ မိမိဘဝတိုးတက်အောင် ပဲ့ပြင်ဆုံးမပေးသော လမ်းပြကောင်းတစ်ခုဖြစ်သည့် စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာ ရရှိစေနိုင်ကြောင်း ကျောင်းသားလူငယ်များအား အသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့ပါသည်။ ယင်းနောက် ကျောင်းသားလူငယ်များအား စာအုပ်စာစောင်များ ခင်းကျင်းပြသပြီး အသိပညာပေးနံရံကပ်စာစောင်များဖြစ်သည့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ပြသပေးရာ ကျောင်းသား/သူလေးများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းသားလူငယ်များ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)