တန့်ယန်း အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ၂၀၂၀ - ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မြို့နယ်ပညာရေးဌာန အခြေခံပညာကျောင်းများမှ (နည်းပြ) ဆရာ/ဆရာမ (၁၆) ဦး တို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်း ဆောင်ကြမည့် သင်တန်းသား (၁၅၈) ဦး အား ရွေးကောက်ပွဲဆိုင်ရာ၊ မဲရုံလုပ်ငန်းများဆိုင်ရာအကြောင်းနှင့် လုပ်ထုံးလုပ်နည်းများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့နှစ်ဖွဲ့ခွဲ၍ အောက်တိုဘာ(၂၅)ရက်(၂၆)ရက် နှစ်ရက် ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစိုင်းစံအေးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)